Monday, September 17, 2007

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ... ရန်ကုန်နဲ့မိုင် ၂၀ လောက်ဝေးတဲ့နေရာမှာ ...
ကျွန်တော် ဟိုမရောက်ဒီမရောက် အမှတ်လေးနဲ့ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ရင်း

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို ရောက်ခဲ့သူ ...။

အခုတော့ ဒုတိယနှစ်ဖြေထားတယ် ...။ ရည်ရွယ်ချက် သေသေချာချာ မရှိခဲ့တော့ ဘာလုပ်ရမယ် ..၊ ဘယ်လိုင်း ရွေးရမယ် မသိခဲ့ ဒီလိုနဲ့ပထမနှစ်ကိုဖြတ်သန်းခဲ့တယ် ..။ ငယ်ငယ်တုန်းက ထင်မှတ်ခဲ့တဲ့တက္ကသိုလ် ဆိုတဲ့ အကြောင်းကို ကိုယ်တိုင
် တက္ကသိုလ်တက်မှပဲ သေသေချာချာ သိတော့တယ် ...။ ပထမနှစ်ကတော့ ကွန်ပျူတာ ဆိုတာကို နကန်းတစ်လုံးမှကို နားမလည်ခဲ့တာ .။ အခုလည်းသေသေချာချာမသိသေးပါဘူး .။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ကွန်ပျူတာတက္ကသိုလ် ကလို့ပြောရမှာတောင်ရှက်မိတယ် .။ အပြင်မှာ လူတွေက ကွန်ပျူတာ တက္ကသိုလ် တက်နေတဲ့သူတွေဆိုရင် အထင်တကြီးကြည့်ကြတယ် ..။ ကွန်ပျူတာနယ်ပယ်ထဲကလူတွေ က တော့ ကွန်ပျူတာကျောင်းဆင်းဆိုရင် ဘာမှသေသေချာချာ မတတ်တဲ့ကောင်တွေဆိုပြီး အထင်သေးကြတယ် တက္ကသိုလ်ကို စရောက်တော့ ကျွန်တော်က တကယ့်ကို အူကြောင်ကြောင် ကွန်ပျူတာ ဆိုတာကို ဆယ်တန်း ပြီးတဲ့ အထိ တစ်ခါလားပဲ ကိုင်ဖူးတယ် ..။ ကိုင်တယ်ဆိုတာ လက်နဲ့ထိတယ် ဆိုရုံလောက်ကို ပြောတာပါ ..။အဲ ..ကျောင်းစရောက်တော့ စာသင်ခန်းထဲ ၀င်ထိုင်ပြီး ဗလာစာအုပ်ထုတ် ဆရာမပေးတဲ့ သင်ခန်းစာတွေ မှတ်မယ် ပေါ့ .သို့ပေမယ့်ရှေ့ ကနေဖတ်ပြသွားတဲ့ ဆရာမရဲ့စာတွေ ရှင်းသွားတဲ့ဆရာမစကားတွေ တစ်ခုမှ ကျွန်တော် နားမလည်ခဲ့ ..။ အရင်ဆုံးသင်လိုက်ရတာက ICS (Introduction to Computer Science) နောက်တစ်နေ့မှာ လက်တွေ့ခန်းဝင်ဖို့ ကျွန်တော်တို့အခန်းအလှည့်ကျတယ် .. သူများတွေ က၀င်ဆိုတော့လည်း ကျွန်တော်က လိုက်ဝင် တာပေါ့ .Roll Call ပေးပြီးတစ်ချို့ ကပြန်ထွက်သွားကြတယ် ..။ကျွန်တော်ကတော့ ဒီနေ့တော့ ကွန်ပျူတာ ကိုင်ရတော့မယ်ဆိုပြီး ပျော်နေခဲ့တာ ..။အဲဒါပေမယ့် တကယ့် စက်ခန်းထဲ ရောက်မှ ပြဿနာ စတက် တော့တာပဲ .။ ထင်ထားတာက ဆရာတွေက အစအဆုံးသင်ပြပေးမယ်ပေါ့ ..။သို့ပေမယ့် စက်တစ်လုံး ရှေ့မှာထိုင်ပြီး ဘယ်က ဘာစလုပ်မယ် ဆိုတာ တောင်မသိ ..ကွန်ပျူတာ ကို ပါဝါဘယ်လို ဖွင့်ရတယ် ဆိုတာ မသိလို့ ၀မ်းနည်းစွာနဲ့ပဲ ပထမဆုံးလက်တွေ့ အချိန်ကို ကျွန်တော် ကျောခိုင်းထွက်ခွာခဲ့ရတယ် ..။ ရှက်ဖွယ် လိလိပင် ။ နောက်တစ်နေ့ ဖတ်စာအုပ်တွေဝယ်ဖို့ EC ကငွေလိုက်ကောက်တယ် ..။ ကိုယ်ဝယ်ရမယ့် စာအုပ် စာရင်း နဲ့ ကုန်ကျငွေကို ကြည့်ပြီး ကျွန်တော်မျက်လုံးပြူးသွားတယ် ..။အောင်မလေး ...

မြန်မာစာ
Technical English
College Phyiscs
101 ICS(Introduction to Computer Science) & Data Structure in C++
102 Mathametic computing
103 Application & System analysis and Design
104 Object-Oriented Programming in C++

မွေးမေလေ့ စာအုပ်ဖိုးကစုစုပေါင်းနှစ်သောင်းကျော်

မဖြစ်အကုန် ၀ယ်လို့မဖြစ် အိမ်ကအဲဒီလောက် Support လုပ်ထားတာမဟုတ် .. နေစဥ့် အသွားအပြန် ကျောင်းစရိတ် စားစရိတ် စုစုပေါင်းလက်ကျန်က နှစ်သောင်းခွဲဝန်းကျင် စာအုပ်အကုန်ဝယ်လိုက်လျင် တစ်လ လုံး မစားမသောက် အငတ်နေရမည် ။ ကျောင်းသို့ ခြေကျင်လာမှရမည် ..။သို့နှင့်တစ်လလျှင်
စာအုပ်ဖိုး ရှစ်ထောင်ခန့်သုံးဖို့ ကျွန်တော်ဆုံး ဖြတ်ခဲ့ရသည် ..။ ကျွန်တော် ကွန်ပျူတာ ဆိုတာ ဘာလဲ တဖြည်းဖြည်း သိလာတယ် ..။ ကိုယ်တိုင်ကွန်ပျူတာ တက္ကသိုလ်တတ်ပြီး ကွန်ပျူတာဆိုတာ ဘာလဲ မသိလို့မဖြစ် သိအောင်
တော့လုပ်ထားရမည် ..။ ဘေးနားက သူငယ်ချင်းတွေ ဆီက ကွန်ပျူတာ အကြောင်း တစ်စွန်းတစ်စ ကြားမိသမျှ မှတ်သား .ဆရာပြောတဲ့ CPU,Memory စတာတွေ စာအုပ်တွေလှန်လှော ရှာဖွေတွေ့ သမျှ ကိုယ်ဘာသာ ပြန်လို့ နားလည်သမျှလေးတွေ စုစည်းပြီး ကျွန်တော် ကွန်ပျူတာဆိုတာ ဘာလဲနည်းနည်း သိလာတယ် ..။ စိတ်ဝင်စား သေးသည်မဟုတ် အနည်းငယ်သိလာခြင်းသာ ..။ ကျွန်တော် ကွန်ပျူတာကို စတင်စိတ်ဝင်စား မိတဲ့နေ့ တစ်နေ့ပေါ့ ..။ သေသည်အထိ မေ့နိုင်မည်မဟုတ် ..။ ကျောင်းသို့အတော် နောက်ကျမှ ကျွန်တော် ရောက်သွားတယ် ..။စတုတ္ထနေ့ ဆရာမက စာစသင်နေပြီဖြစ်သည် ..။ ကျောင်းအပ်တော်တော် နောက်ကျ သည့် အတွက် စာတွေကိုကျွန်တော်တော်တော်လိုက်ယူနေရသည် ...။ထိုအချိန်က 104 အချိန်ဖြစ်သည် ..။
ဆရာမက မျက်နှာထား တည်တည် ဖြင့်စာရှင်းနေသည် ..။ တစ်ခန်းလုံးကလည်း အပ်ကျသံ ပင်ကြားရ လောက်အောင် တိတ်ဆိတ်နေသည် ..။ အခန်းဝသို့ရောက်ရောက်ချင်း ကျွန်တော်အနည်းငယ် တွန့်သွားသည် ရာသီဥတုမကောင်းဟုကျွန်တော်ထင်လိုက်မိသည် ..။ဆရာမကိုခွင့် တောင်းပြီး အတန်းထဲသို့ဝင်ပြီး ထိုင်နေကျ နောက်ဆုံး အတန်းသို့ သွားထိုင်လိုက်သည် ..။ သေရာ .သူငယ်ချင်း တစ်ကောင်မှမရှိ အားလုံးအရှေ့ အတန်း တွေမှာ သွားကပ်ထိုင်ကြသည် ..။ ကျွန်တော် တစ်ယောက်တည်း ..။ ဖတ်စာအုပ်က မ၀ယ်ရသေး .. တစ်ခါမှ လည်း မသင်ဖူး တစ်ချို့ ကစာအတော်ရောက်နေကြပြီ ..။ မထူးပြီ ကျွန်တော်လည်းရှေ့ က သူငယ်ချင်း ထံသို့ သွားကပ် ထိုင်ပြီးဆရာမပြောတာ တွေနားထောင်နေလိုက်သည် ..။ မသိ တစ်လုံးမျှမသိပေ .။ header file , main function ,variable ဘာတွေမှန်းမသိ .. ဆရာမကရှင်းပြပြီးတော့ အတန်းသားတွေကို ရေးခိုင်းသည် ..။
အားလုံးက ခေါင်းငုံ့ပြီး စာစရေးကြပြီဖြစ်သည် ..။ ကျွန်တော်ကတော့ အူကြောင်ကြောင် ဘာရေးရမှန်းမသိ .ဟိုလူ့ကြည့်ဒီလူ့ကြည့်နှင့် ဆရာမကရိပ်မိသွား သည်ထင်သည် ..။ ကျွန်တော့်အနား ရောက်လာပြီး ကျွန်တော့် စာအုပ်ကိုယူကြည့်သည် ..။ဒုက္ခတစ်လုံးမျှမစရသေး ..။“မင်းဒီအတိုင်းဆက်သွားရင်တော့ မလွယ်ဘူးတဲ့ " ဟုတ်သည် ။ ကျွန်တော်ကိုယ်တိုင် မလွယ်မှန်းသိသည် ..။ မသိတာကို မသိသည့်အတိုင်းထား လျှင် ဘယ်တော့ မှသိလာမည်မဟုတ် ..။ သိအောင်လုပ်ရမည် .။ အတန်းဖော်သူငယ်ချင်း များကကူညီကြပါသည် .။ နားမလည် သည် များကိုသူတို့ က၀ိုင်ဝန်းရှင်းပြကြသည် ..။ သြော်မေ့နေသည် ..။ ပထမနှစ်ကကျွန်တော်က Class A အတော်ဆုံးအခန်းဟု အားလုံးက သတ်မှတ်ထားကြသည် ..။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်အညံ့ဆုံး ဖြစ်နေသည်ကို သိလျက်နဲ့အတော်ဆုံး အခန်းနေရသည်ကိုရှက်နေမိသည် ..။


လက်ညောင်းပြီဖြစ်သောကြောင့် ဆက်ရန်.....

No comments: