Sunday, July 29, 2007

ကျွန်တော့်ရင်တွင်းဖြစ် (၁၀)

"End of the Day"

တစ်ချိန်ကငါဟာနေတစ်စင်း

မင်းဟာငါ့လမင်းပေါ့ ... .။

နေမင်းရဲ့ကာရန်နဲ့ အပြင်းစားငါ့ရင်ခုန်သံတွေ
မင်းအတွက်ဆူညံစေခဲ့တယ် ...။

တစ်ချိန်ကငါဟာပုစ္ဆာတစ်ပုဒ်
မင်းဟာငါ့ရဲ့အဖြေတစ်ခုပေါ့ ....။

ရှုပ်ထွေးလှတဲ့ကိန်းဂဏန်းတွေနဲ့ မင်းမသိခဲ့တဲ့ငါ့သီအိုရီတွေ
မင်းအတွက် စိတ်ပျက်စေခဲ့မယ် ...။

အခုငါသိလိုက်ပြီ ...။
ကာရန်တွေကကဗျာမဟုတ်ခဲ့မှန်း

ငါရင်ခုန်ခဲ့ခြင်းဟာငါ့ကိုယ်ငါ ပူလောင်စေဖို့
ရှင်းထုတ်လို့မရတဲ့ ပုစ္ဆာမှာ အချစ်ဆိုတာ ကိန်းသေတန်ဖိုးတစ်ခု

မညီမျှခြင်းတွေကိုကြိုးစားဖြေရှင်းရင်း

နောက်ဆုံးတော့
ငါမျှော်လင့်ခဲ့တဲ့လေပြေဟာအိမ်မက်တစ်ခုအဖြစ်ပျောက်ကွယ်သွားသလို ...

ငါပျော်ရွှင်ခဲ့တဲ့ အိမ်မက်တွေလည်းလေပြေနဲ့အတူလွင့်ပြယ်သွားခဲ့တယ် ...။

ဘယ်သူမှနားမလည်နိုင်တဲ့စကားလုံးတစ်ချို့ကို ကောင်းကင်ပြာကြီးကိုပြောပြလိုက်တယ် ...။
ပင်လယ်ပြင်ကြီးကငါ့စကားလုံးတွေကိုလှောင်သလိုပြုံးပြီးကြည့်နေတယ် ...။

အားလုံးကိုလစ်လျူရှုပြီး တောင်တန်းတွေနောက်ကိုငါပြေးဝင်ခဲ့တယ် ...။
ဒါကိုနေ၀င်ချိန်လို့လူတွေကပြောကြတယ် .။
တစ်ချို့ ကလည်းဆည်းဆာလို့ဆိုကြပြန်တယ် ..။

မနက်ဖြန်ကိုရင်ဆိုင်ဖို့ ငါ့ကိုခဏလောက်တော့အိပ်စက်ခွင့်ပြုပါ ..။

No comments: