Tuesday, September 18, 2007

အချိန်က သိပ်မကြာလိုက် .. တဖြည်းဖြည်း ကျွန်တော် Programming ဆိုတာကို နားလည် သဘော ပေါက်စ ပြုလာ သည် ..။ သူငယ်ချင်း များ၏ ကူညီမှု .. ဆရာမ၏ အသင်အပြ ကောင်းမှု ကြောင့်လား မသိ ကျွန်တော် Programming ကိုစိတ်ဝင်စားလာသည် ..။Syntax တည်ဆောက်ပုံများကိုအသေးစိတ်ရှင်းပြသည် .၊ ဘယ်လို တွေးခေါ် ရမည်ဆိုတာကို ဆရာမကလမ်းညွှန်ပေးသည် ..။ ပြီးလျှင်ကိုယ်တိုင် ပုစ္ဆာများကိုဖြေရှင်း ခိုင်းသည် ..။ တစ်နေ့လျှင် ပုစ္ဆာတစ်ခုတည်းပင် ဖြေရှင်းရလင့်ကစား ထိုတစ်ပုဒ်သည် ကျွန်တော်တို့ စိတ်တွင်စွဲနင့် နေအောင် ဆရာမ၏ အရည်အချင်းက ပြည့်စုံလှသည် ..။မမေ့နိုင် ဆရာမ၏ အမည်က ဒေါ်မာမာလွင် ...။ စာသင်လျှင် ပြတ်သည် ..။အတန်းထိန်းသိမ်းမှုလွန်စွာတော်သည် ...။ဆရာမရှင်းပြသည့်အချိန်တွင် တစ်ခန်းလုံးရှိ ကျောင်းသား များ အသံစိုးစဉ်းမျှ မထွက်ရဲ ..။ တခြား ဆရာမများကဲ့သို့ ဆူပူ ကြိမ်းမောင်းခြင်း အလျဉ်းမရှိ ..။ ချိုချိုသာသာ ပြောဆိုဆုံးမသည် .။ တပည့်များအပေါ်စေတနာထားသည် ...။ ကျွန်တော်တခြားဘာသာ ရပ်များ ထက် Programming ကိုပိုပြီးစိတ်ဝင်စားခဲ့ သည်မှာ ဆရာမ၏ အသင်အပြကောင်းမှုကြောင့်ဟု ပင်ထင်သည် ကျောင်းတတ်ပြီးသိပ်မကြာ ကျွန်တော် Budget အခြေအနေမကောင်းတော့ စားရိတ်ကကြီးသည် ..။ အသွားအပြန် လမ်းစရိတ် ..။ စားသောက်စရိတ်နှင့် ၊ အခြားကုန်ကျမှုများ အတွက် ကျွန်တော်အလုပ် တစ်ခုရှာရ တော့ သည် ..။မကြာပါ Cyber cafe တစ်ခုတွင်ညဖက်အလုပ်ရသည် ..။ ကျွန်တော့်အတွက် အဆင်ပြေ သည်ဟုဆိုရမည် ..။ နကန်းတစ်လုံးမျှ နားမလည် သေးသော ကျွန်တော့် အတွက် ထိုအလုပ်က အတော် အထောက် အကူပြုခဲ့သည် .။ ကျောင်း၌ စာတွေ့လေ့လာ၍ အလုပ်၌ လက်တွေ့လေ့လာရသည် ..။ အခြေခံ သဘော တရားများကို လုပ်ဖော်ကိုင်ဖက် ဆရာသမားများက ရှင်းပြသည် .။ ကြုံလျှင်ကြုံသလို လေ့ကျင့် ပေးသည် ..။သို့ နှင့်ကျွန်တော် ကွန်ပျူတာ ဆိုသည်ကို အနည်းငယ်သိခွင့်ရခဲ့သည် ..။ လေ့လာရင်း သင်ယူရင်း နှင့် ပင် ပထမနှစ်၏ပထမနှစ်ဝက် ကုန်လွန်ခဲ့သည် ..။ ဒုတိယနှစ်ဝက်ပြန်တက်တော့ ဆရာမ ဒေါ်မာမာလွင်အား နယ်သို့ပြောင်းရွှေ့ တာဝန်ပေးလိုက်ပြီဖြစ်သည် ..။ကျောင်း၌ ဟေးလားဝါးလားလုပ်ရင်း အပျော်အပါးများစွာဖြင့် ပထမနှစ်၏ ဒုတိယနှစ်ဝက်ကို ကုန်ဆုံးခဲ့ပြန်သည် ..။ အဖတ်တင်တာဆိုလို့ သူငယ်ချင်း တွေစုပြီးဖွဲ့ ခဲ့တဲ့ မြန်မာ့အိုင်တီ လူငယ်များဟူသည့် အမည်ခံအဖွဲ့ အစည်းတစ်ခုသာကျန်သည် ..။ ဘာမှမဟုတ်အဖွဲ့ ဖွဲ့ထားပြီး ကိုယ့်အလုပ်သာ ကိုယ်လုပ်ကြသည် .။ ကျောင်းတွေပိတ်တော့ သူငယ်ချင်းတစ်ယောက်က Scholarship ဖြင့်စင်္ကာပူသို့ ပညာတော်သင် ထွက်သွားသည် ...။ ကျောင်းပိတ်သည်မှာ သိပ်မကြာလိုက် ..။ ဒီဇင်ဘာတွင် အား လုံးကျောင်းသို့ ပြန်ရောက်ကြသည် ..။ သို့ပေမယ့် တကွဲတပြားစီ ..။ စာကြိုးစားသော သူငယ်ချင်းများ အခန်း ကောင်းများသို့ ဦးတည်သွား ကြသော်လည်း စာဆိုလျှင် Programming မှတစ်ပါး စိတ်မ၀င်စား ခဲ့သည့် ကျွန်တော် မော်ဒရေးရှင်းဖြင့်ကပ် အောင်ခဲ့သည်ထင်သည် .။ နောက်မှစ၍ ရေတွက်လျှင် ဒုတိယအခန်း ကို ရောက် သွားသည် ..။ ၄င်းသည် ဒုတိယနှစ်၏အစပင်ဖြစ်သည် ..။ ပထမနှစ်မှ အဖတ်တင် ကျန်ခဲ့သည့် ကျွန်တော်တို့၏အဖွဲ့ကို ပြန်လည်အကောင် အထည်ဖော်ဖို့ ကျွန်တော်ကြိုးစားခဲ့သည် ..။ အဖွဲ့ဝင်တော်တော် များများနှင့် အလုပ်တစ်ချို့ စလုပ်ဖြစ်သည် ...။ ထိုအထဲတွင် ဘလော့ရေးခြင်း ၊ Programming နှင့်ပတ်သက် သောဆွေးနွေးပွဲများ နှင့် ကျောင်း၌အင်တာနက် အသုံး ပြုနိုင်ရေးအတွက် မည်သို့မည်ပုံလုပ်ဆောင် ကြရမည် စသော ဆွေးနွေးမှုများ ပါဝင်ခဲ့သည် ။ ပထမနှစ်လို မဟုတ်တော့ အနည်းငယ်တော့ ရင့်ကျက်လာသည် ဟုထင်သည် ..။ဟေးလားဝါးလား သိပ်မလုပ်တော့ ..။ ရည်ရွယ်ချက်ထား တတ်လာသည် ..။သို့ပေမယ့် သိပ် မကြာ ဒုတိယနှစ်၏ ပထမနှစ်ဝက် စာမေးပွဲဖြေရသည် ..။ အားလုံးစာမေးပွဲ အတွက်လုံးပမ်းကြရင်း အဖွဲ့ ကိစ္စကို တဖြည်းဖြည်း မေ့လျော့လာသည် ..။ပုံမှန်ဆွေးနွေးခြင်းများ မတက်ကြတော့ ..။သူ့အလုပ်နှင့် သူ ကိုယ့်အလုပ် နှင့်ကိုယ် ဘယ်လိုမှ စုစည်းမရတော့ ၊ ခေါင်းဆောင် တာဝန် ယူထားရသည့် ကျွန်တော်ကြာတော့ စိတ်ညစ လာ သည် ..။ ခေါင်းဆောင်တာဝန်ကို တစ်ခြားတစ်ယောက်ကို လွှဲပေးပြီးကျွန်တော် နှင့်ကျွန်တော့် သူငယ်ချင်း တစ်ယောက် အဖွဲ့မှ နှုတ်ထွက် လိုက်သည် ..။ တစ်ကိုယ်ကောင်းဆန် သည်ဟုပြောချင် ပြောကြလိမ့်မည် ..။ မတတ်နိုင် ကျွန်တော် တတ်နိုင်သမျှ လုပ်ပေးခဲ့ပြီ ။ညီညွတ်မှုမရှိသော အဖွဲ့ အစည်းတွင် ကြာရှည် ကျွန်တော် မနေလို .. ဟိုမရောက် ဒီမရောက်ဖြင့် အချိန်တွေ ကုန်သွားမှာ ကျွန်တော် စိုးရိမ်သည် ။ တစ်ယောက်တည်း ရှိလျှင် တစ်ယောက်တည်း လုပ်မည် ..။သူတစ်ပါးအား ပေးချင်လျင် ကိုယ်တိုင်ရှိမှရမည် ..။ ကိုယ့်ကိုကိုယ် အရင် ဆုံးရှိအောင် ကြိုးစားရမည်ဟု ကျွန်တော်ထင်သည် .။ တစ်ခုခုကို တော့ရွေးချယ် ရမည်ဖြစ်သည် ..။ ကျွန်တော် ဘာကိုစိတ်ဝင်စားသလဲ ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးသည် ၊Programming က ကျွန်တော်နဲ့ အနီးစပ်ဆုံး ဖြစ်သည့် အပြင် ကျွန်တော်အနေဖြင့် အနားလည်ဆုံးသော ဘာသာရပ်ဖြစ်သည် ။ ၄င်းကို ကျွန်တော် ရွေးချယ် လိုက်သည် ...။ ဒုတိယနှစ်တွင် Java Programming သင်ရသည် ..။ သြော် ကျန်ခဲ့သည် .။ ဒုတိယနှစ် သင်ရိုးပြဌာန်း ချက်က

English
201 Java Programming & Data structure in C++ vol 2
202 Mathematic Computing vol 2
203 Digital fundamental
204 Operating system & Database Management System
205 Accoounting ,JavaScript
206 Software Engineering & Object-Oriented System Development

ဒါကကျွန်တော် ရွေးချယ်ခဲ့တဲ့ Computer Science မေဂျာသမား တွေအတွက် သင်ရိုးညွှန်းတမ်းပါ .။ ကျွန်တော် တို့ ကွန်ပျူတာ တက္ကသိုလ်မှာ ဒုတိယနှစ်ကစပြီးအဓိကမေဂျာနှစ်ခုရွေးချယ်လို့ရတယ် ။ Computer Science & Computer Technology ဆိုပြီးခွဲထားတဲ့ အထဲက ကျွန်တော်က Science ကိုရွေးခဲ့တယ် ..။ ဒုတိယနှစ် ကတော့ ဟိုလှည့် ဒီလှည့်နဲ့ကုန်သွားပြန်ပြီ ....။ ဒီနှစ်တော့ အဖတ်တင်တာ ဆိုလို့ ဗလာစာရွက်တစ်ချို့ နဲ့ ဘလော့နှစ်ခု သုံးခု ရယ် ကျန်ခဲ့တယ် ..။ ဒုတိယနှစ်ပြီးသည့်တိုင် ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်နေရာမှာ ကျွမ်းကျင်တယ် ဆိုတာကိုလက်တွေ့မပြနိုင်ခဲ့ ။ အဘယ်ကြောင့်နည်း ? ကျွန်တော့်ကို ပညာသင်ပေးသော ကျောင်းကြောင့်လား ? ဆရာမတွေကြောင့်လား ? ကျွန်တော်ကိုယ်တိုင်ကြောင့်ပဲလား ? တစ်ခုမှမဟုတ်ပါ ..။ သို့ပေမယ့်အား လုံးမှန်ပါ သည် ။ ထို့အပြင် အရေးကြီးဆုံးကတော့ လက်ရှိပညာရေး စနစ် ကြောင့်ဟုသာ ကျွန်တော်ထင်ပါသည် ..။ ကျောင်းပိတ်ရက်တွေမှာ တစ်ခုခုတော့လုပ်ရမည် ။ နောက်တစ်နှစ်ဆိုလျှင် ကျွန်တော်ဘွဲ့ ရမည်ဖြစ်သည် ။ သို့သော် ထိုဘွဲ့ နှင့်ထိုက်တန်သော အရည်အချင်းမျိုး ကျွန်တော့်၌မရှိသေး ။ ထို့အတွက် ကျွန်တော် တစ်ခုခု လုပ်ရမည်ဖြစ်သည် ..။ စာဖတ်သူလည်းတစ်ခုခုလုပ်ရဦးမည်ဖြစ်သည် .။

No comments: