Sunday, October 7, 2007

နှုတ်ဆက်ခြင်း

နိုင်ငံရေး အခြေအနေ များကြောင့် မြန်မာနိုင်ငံ အစိုးရက blogger.com ကို ဘန်းလိုက်ပြီဖြစ်ပါသည် ..။ ထို့ကြောင့် ကျွန်တော် သည်လည်း ဘလော့ဂ် ရေးခြင်းအား နှုတ်ထွက်စာမတင်ပဲ အလိုလျောက် အနား ရသွားပြီ ဖြစ်ပါသည် ..။ တစ်ချိန်ပြန်ဖွင့်ပေးပါကပြန်ရေးပါဦးမည် ..။သူများမိုးခါးရေသောက်ချိန်တွင် ကျွန်တော် သည်လည်း မိုးခါးရေ သောက်ရမည်ဖြစ်သည် .။ ကွန်ပျူတာကျောင်းသား ၊ သူရိယအလင်္ကာ စသော ခေါင်းစဉ် အမျိုးမျိုးဖြင့် ပြောင်းလဲ ရေးသားခဲ့သော ကျွန်တော့်၏ဘလော့ဂ် မညီးမညူ အားပေးခဲ့သော သူငယ်ချင်း မိတ်ဆွေများအား အထူးပင်ကျေးဇူးတင်ရှိပါသည် ..။ ကဗျာရသ များအား ကူညီခံစား ပေးခဲ့သူများအားလည်း ကျေးဇူးတင်ပါသည် ..။ ဘလော့ဂ်ရေးခြင်းမှ အနားယူခဲ့ရသော်လည်း အငြိမ်မနေတတ်သော အကျင့်ကြောင့် ဆက်လက် လှုပ်ရှားသွားပါဦးမည် ..။ တစ်ခါတစ်ရံ၌ ကဗျာဆရာ တစ်ဦးမဟုတ်သော်လည်း ကဗျာရေးသူ တစ်ယောက် အနေဖြင့် planet တွင်လည်းကောင်း ....။ ဖိုရမ်မာ တစ်ယောက်အနေဖြင့် မြန်မာ့ကွန်ပျူတာ ဖော်ရမ် http://www.mysteryzilion.com/forum ၌တွင်လည်းကောင်း ကွန်ပျူတာ ကျောင်းသား တစ်ယောက် အနေဖြင့် ကျွန်ုပ်၏ Home page ဖြစ်သော http://ucsystudent.mysteryzillion.com ၌ သော်လည်းကောင်း ရပ်တည်နေဦးမည် ဖြစ်ပါသည် ..။ မနက်ဖြန်သည် မသေချာသောကြောင့် မနေ့က အကြောင်းများအားမေ့ပစ်ပြီး ပစ္စုပ္ပန်၌သာဆက်လက်နေထိုင်သွားမည်ဖြစ်ပြီး ယခင်ကဲ့သို့ပင် လူအမြင် ကပ်စရာကောင်း လောက်အောင် ခင်မင်သူများအားလည်း အကွက်ကျကျ နောက်ပြောင် ကျီစယ်နေဦးမည် ဖြစ်ကြောင်း ကျွန်ုပ်ဘလော့အားဖတ်ခွင့်ရသော (သို့တည်းမဟုတ်) မရမက ကြိုးစား လာရောက် အားပေး ကြသော သူငယ်ချင်း မိတ်ဆွေ များအား အသိပေး အကြောင်းကြား အပ်ပါသည် .။ ယခင်အသုံးပြုခဲ့သော thuyaaungster@gmail.com ကိုပင် ဆက်လက် အသုံးပြုလျက်ရှိပါသည် ။ ထို့ကြောင့် ဆက်သွယ်လိုသော
သူငယ်ချင်းများ ၄င်းလိပ်စာသို့သာ ဆက်သွယ်ပါရန် နှင့် အချိန်မှီ အကြောင်းမပြန်နိုင်ပါက မြန်မာနိုင်ငံ၏ အင်တာနက် ကော်နက်ရှင် ကြောင့်သာဖြစ်ပြီး ကျွန်ုပ်၌ ချို့ယွင်းချက် တစ်စုံတစ်ရာ (လုံးဝလုံးဝ) မရှိပါကြောင်း ကြိုတင် အသိပေးအပ်ပါသည် .။




စကားချပ် ။ ...။ ကွန်ပျူတာ ကိုစိတ်ဝင်စားသောလူငယ်များ ၊ ကွန်ပျူတာကျောင်းသားကျောင်းသူများနှင့် ကွန်ပျူတာ နှင့် ဆက်နွယ် လုပ်ကိုင်နေသော ပညာရှင်များအား ရည်ညွှန်းပါသည် .ကွန်ပျူတာ နှင့် သက်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ၊ history များနှင့် နည်းပညာများနှင့် အခြား အခက်အခဲ များအား ဆွေးနွေးနိုင်ရန် အတွက် http://www.mysteryzillion.com အားတည်ဆောက် ထားပြီးဖြစ်ပါသည် ..။ ထို့ကြောင့် မိမိတို့၏ အခက်အခဲများနှင့် အခြား ဗဟုသုတများ ဝေငှရန်အလို့ငှာ MZ forum သို့ လာရောက် လည်ပတ်စေလိုပါသည် .။
ထို့အပြင် ကွန်ပျူတာ နှင့် ပတ်သက်သော အရာများအား web-based အဘိဓါန်အဖြစ် MZ wiki ကိုလည်း တည်ဆောက်လျက်ရှိပါသည် .။ ထို့ကြောင့် စိတ်ပါ ၀င်စားသူများ နှင့် အခြား အခြားသော အသိပညာ နှင့် ဗဟုသုတ များအား တစ်စုတစ်စည်း တည်း ဖြစ်စေရန် အတွက် နှင့် ၀ိုင်းဝန်း ကူညီပေး စေလိုပါသည် ..။