Saturday, July 21, 2007

ကျွန်တော့်ရင်တွင်းဖြစ်(၆)

Space of Mind

ရင်ခုန်သံများအား
သံစဉ်မဲ့သောသီချင်းတစ်ပုဒ်အဖြစ်ဆိုညဉ်းနေရင်း


အတွေးတို့အား
ကာရံမဲ့သောကဗျာတစ်ပုဒ်အဖြစ်စီးဆင်းနေရင်း


အိမ်မက်တို့အား
ကာလာမဲ့ပန်းချီကားတစ်ချပ်အဖြစ်ပုံဖေါ်ကြည့်ရင်း

လေဟာနယ်ထဲမှာ
ကျွန်တော်လမ်းလျှောက်သင်နေခိုက်

နှလုံသားကိုအမှတ်တမဲ့ဝင်တိုက်သွားတယ်

ကောင်မလေးရယ်
မင်းကတော့အမှတ်မထင်ပါ

ဒါပေမယ့် စွဲကျန်ရစ်သူရင်ခွင်ကို မင်းမြင်နိုင်ပါ့မလား

ငါဆိုညဉ်းနေတဲ့သီချင်းတွေကိုရော
မင်းကြားနိုင်ပါ့မလား

ငါ့အတွေးထဲကကဗျာတွေကိုရော
မင်းခံစားတတ်ပါ့မလား

ငါရေးထားတဲ့ ပန်းချီးကားတွေကိုရော
မင်းတန်ဖိုးထားပါ့မလား


အကြိမ်ကြိမ်ပြန်ထဖို့ကြိုးစားခဲ့ပေမယ့်
ငါအခုအချိန်ထိလဲကျနေတုန်းပဲ

No comments: