Sunday, July 8, 2007

ကျွန်တော့်ရင်တွင်းဖြစ်(၂)

Unless .......... If...................

ငါမျှော်လင့်ထားခဲ့သော

ငါ့အိမ်မက်များအား
ငါဆွတ်ယူစားသုံးခွင့်မရှိတော့တဲ့အခါ ....။
ငါယုံကြည်ထားခဲ့သော
ငါ့အနာဂတ်များအား
ငါမပိုင်ဆိုင်နိုင်တော့မှန်းသိလိုက်တဲ့အခါ ...။
ငါလိုချင်ခဲ့မိသော
ငါ့ချစ်သူ၏အနမ်းများအား
ငါမရရှိနိုင်တော့မှန်းသိလိုက်တဲ့အခါ ..။

အကယ်၍
ထိုသူသည်ငါမဟုတ်
.............. သင်သာဆိုလျှင် ..............

No comments: